MM3XPL0IT
2010
03.07

UBV
အခုပြထားတဲ့ပုံအတိုင်း Blue Screen Error တက်လာခဲ့ရင်ဖြေရှင်းခဲ့ရပုံလေးကိုပြောပြမှာပါ။

Windows system file ဖြစ်တဲ့ boot.ini ဖိုင်ကြောင့်အခုလို windows မတက်နိုင်ဘဲ Blue Screen Error ပေါ်လာခြင်းဖြစ်ပါတယ်။
အလွယ်ဆုံးနည်းလမ်းကတော့ windows ကို format ချပြီး windows ပြန်တင်လိုက်တဲ့ နည်းလမ်းပါဘဲ။ သူ့ထက်ကောင်းတဲ့နည်းလမ်းကတော့…
Windows XP CD ခွေတစ်ချပ်လိုအပ်ပါတယ်။
၁။ Windows XP CD နဲ့ Boot တတ်ပါ။
၂။ Recovery Console ထဲဝင်ပါ။
၃။ chkdsk /r လို့ရိုက်ထည့်ပါ။
၎။ fixboot လို့ရိုက်ပါ။
၅။ Yes No မေးလာရင် Y လို့ရိုက်ထည့်ပါ။
၆။ exit

2010
02.22

ARP Protocol အကြောင်း လေးပါ…. :)
Ethernet ဒါမှမဟုတ် IP network တွေမှာ packet တစ်ခုကိုပို့ချင်တယ်ဆိုရင် လက်ခံမယ့်ကွန်ပျုတာရဲ့ MAC address ကိုသိမှဆက်သွယ်လို့ပို့လို့ရမှာပါ။ ဥပမာ။ ။ ကွန်ပျုတာ A မှ ကွန်ပျုတာ B ဆီကို packet တစ်ခုပို့ချင်ရင် ကွန်ပျုတာ B ရဲ့ MAC address ကိုသိရမှာပါ။ ဒါကြောင့် ကွန်ပျုတာ A က ARP cache ထဲမှာ ကွန်ပျုတာ B ရဲ့ MAC address ရှိမရှိ အရင်စစ်ပါတယ် အကယ်၍ မရှိခဲ့ဘူးဆိုရင် ARP request packet တွေကို broadcast (FFFFFFFFFFFF) လုပ်ပြီး network ထဲကိုပို့လွှတ်လိုက်ပါတယ်။ အဲ့ဒီမှာ ကိုယ် packet ပို့လွှတ်ချင်တဲ့ ကွန်ပျုတာမှ ARP request ကို လက်ခံရရှိပြီး unicast အနေနဲ့ ARP request ပို့လွှတ်လိုက်တဲ့ကွန်ပျုတာဆီကိုသာ ARP reply ပြန်ပါတယ်။ အခြားသောကွန်ပျုတာတွေကတော့ ARP reply ပြန်မှာမဟုတ်ပါဘူး။ ဒါဆိုရင်တော့ ကွန်ပျုတာ A က ကွန်ပျုတာ B ရဲ့ MAC address ကိုသိပြီး Ethernet frame ထဲမှာ ကွန်ပျုတာ B ရဲ့ MAC address ကိုထည့်ပြီး packet တွေကိုပြန်လည်ပို့လွှတ်မှာဖြစ်ပါတယ်။ ARP request နှင့် reply တွေကို ကိုယ် packet တွေကိုပို့ချင်တဲ့ကွန်ပျုတာရဲ့ MAC address ကိုမသိတဲ့အခါမှာလုပ်ဆောင်မှာဖြစ်ပါတယ်။ သူ့ရဲ့လုပ်ဆောင်ပုံအဆင့်အဆင့်ကိုအကျဉ်းချုံးပြောရရင်။

ကွန်ပျုတာ A – ARP cache ထဲမှာ ကွန်ပျုတာ B ရဲ့ MAC address ရှိမရှိ စစ်ပါတယ်။ မရှိခဲ့ဘူးဆိုရင်။
ကွန်ပျုတာ A – ARP request လုပ်ပါတယ်။ ကွန်ပျုတာ B မင်းရဲ့ MAC address ဟာဘာလဲလို့ network ထဲမှာလိုက်မေးပါတယ်။
ကွန်ပျုတာ B – ARP reply လုပ်ပါတယ်။ ကွန်ပျုတာ A ရေ ကျွန်တော့် MAC address ဟာ 00-50-56-C0-00-01 ဖြစ်ပါတယ်။
ကွန်ပျုတာ A – ဟုတ်ပြီ ဒါဆိုရင် ငါ့မှတ်ဥာဏ်ထဲမှာ မင်းရဲ့ MAC address ကိုထဲ့လိုက်ပြီးမင်းဆီကို packet တွေပို့လွှတ်လိုက်ပါပြီ။
အောက်ပါ Flash Tutorial လေးတွင်စမ်းကြည့်နိုင်ပါတယ်။

Get Adobe Flash player


ပထမဆုံး Your Computer ARP Table အောက်မှာရှိတဲ့ ၏ IP Address နဲ့ MAC address အောက်မှာဘာမှမရှိတာကိုတွေရပါလိမ့်မယ်။
အဲ့ဒါကသင့် computer ရဲ့ arp cache လို့မှတ်ထားပါ။ ဘေးမှာ Command Prompt ရှိပါတယ်။ အဲ့ဒီထဲမှာ ping command ကိုသာအသုံးပြုလို့ရပါတယ်။ ping  3.1 လို့ရိုက်ထည့်လိုက်ပါ။ Your Computer မှ ARP request ဆိုတဲ့ packet လေးထွက်လာတာကိုတွေ့ရပါလိမ့်မယ်။ broadcast အနေနဲ့ကွန်ပျုတာအားလုံးစီကို ARP request packet လေးရောက်သွားပါလိမ့်မယ်။ အဲ့ဒီမှာ IP Address 3.1 ကသာ ARP reply ပြန်လာတာကိုတွေ့ရပါလိမ့်မယ်။ အခုဆိုရင်သင့် ARP cache ထဲမှာ IP Address 3.1 နဲ့ သူ့ရဲ့ MAC Address C ကိုသိမ်းလိုက်ပါပြီ။ ပြီးရင် Your Computer မှ Ping request ထွက်လာပါလိမ့်မယ်။ ပြီးရင် IP Address 3.1 က Ping reply ပြန်လာပါလိမ့်မယ်။ နောက်တစ်ခါဘဲ IP Address 3.1 ကို ping ကြည့်ပါ။ ARP request နဲ့ ARP reply ထွက်မလာတော့ပါဘူး။ ping packet သာထွက်လာပါလိမ့်မယ်။ ဘာလို့လည်းဆိုတော့ သူ့ arp cache ထဲမှာ ip address 3.1 ရဲ့ MAC address ရှိနေလို့ပါဘဲ။ တစ်ခြားကွန်ပျုတာများကိုလည်း ping ကြည့်နိုင်ပါတယ်။

2010
02.16

ဟူး……….ပိတ်ပြန်ပြီ…Bagan က အခု port 443 တွေကိုပိတ်လိုက်တော့ saudi proxy တွေလဲအဆင်မပြေတော့ဘူး :( Freedom က လဲ အဆင်မပြေတော့ပြန်ဘူး။ gmail ကို https ဆိုပြီး ဖွင့်လို့မရတော့ဘူး။ port 443 ကိုဘာလို့ပိတ်လိုက်ကြလဲမသိပါဘူးဗျာ…………….. :(

2010
02.08

ညတုန်းကစမ်းသပ်ခဲ့တဲ့ပုံစံလေးပါ။
First LAB

2010
02.06

mm3xpl0it

user နဲ့ policy တို့နှင့်ပတ်သက်တဲ့ configuration ဖိုင်တွေကို system တွင်ရှိသော registry ထဲမှာသွားသိမ်းတတ်ပါတယ်။ ဒါကြောင့် ၀င်းဒိုး နဲ့ ပတ်သက်ပြီး tweak လုပ်တာတို့ system ရဲ့ setting တွေကိုပြင်ဆင်တာတို့ဆိုရင် ကျွန်တော်တို့ဟာ registry ထဲမှာသွားပြီး ပြင်ဆင်တတ်ကြပါတယ်။ ဒါပေမယ့် registry key အားလုံးကို သင်မြင်နိုင်မှာမဟုတ်ပါဘူး…. ၀င်းဒိုးထဲမှာပါလာတဲ့ registry editor နဲ့ကြည့်မယ်ဆိုရင်ပေါ့လေ။ သူက တစ်ချို့ security နှင့် system နဲ့ပတ်သက်ပြီး အရေးကြီးတာတို့ဆိုရင် သူက သင်တို့ကို အလွယ်တကူပြထားမှာမဟုတ်ဘူးဗျ။ တစ်ခုခုမှားသွားတာနဲ့ ပြဿနာက ကြီးတယ်လေဗျာ။

တကယ့် လိုင်စင်ဗားရှင်းသုံးတဲ့သူတွေအတွက်တော့အခက်အခဲတွေရှိနိုင်တယ်လေ။ ခဏခဏ format ချတိုင်းလည်း မကောင်းဘူးလေဗျာ။ အဲ့ဒီဟာတွေကြောင့် အလွယ်တကူ ကလိလို့မရနိုင်အောင်သူက ဖျောက်ထားတာပေါ့။ Administrator တောင် ဒီ special key တွေကိုကြည့်လို့မရဘူးနော်… :)
ဒါတွေကတော့ တစ်ချို့သော ဖျောက်ထားတဲ့ registry key တွေပါ။
HKEY_LOCAL_MACHINE\SECURITY
HKEY_LOCAL_MACHINE\SAM
SECURITY registry key ထဲမှာဆိုရင် system policy နှင့် LSA နဲ့ပတ်သက်တဲ့ လျှို့ဝှက်အချက်အလက်တွေကိုသိမ်းထားပါတယ်။
SAM registry key ထဲမှာဆိုရင်လည်း user account တွေနဲ့ပတ်သက်တဲ့အသေးစိတ်အချက်အလက်တွေ နောက်ပြီး user တစ်ခုချင်းစီရဲ့ LM/NTLM password hash များကိုသိမ်းထားပါတယ်။ ဒါကြောင့်လည်းလူတိုင်းမမြင်နိုင်အောင်ဖျောက်ထားတာပေါ့။
ဒီလို registry key တွေကိုကြည့်ဖို့နည်းလမ်းအများကြီးရှိပါတယ်။ အဲ့ဒီ့ထဲက ကျွန်တော်တို့က sysinternal ကထုတ်တဲ့ pstools ဆိုတဲ့ package ထဲမှာပါတဲ့ psexec ဆိုတဲ့ tool လေးကိုအသုံးပြုပြီးကြည့်သွားမှာပါ။ လုပ်ပုံလုပ်နည်းကတော့…..
psexec ဖြင့် registry editor ကို system account အနေဖြင့် run ခိုင်းပြီး ဒီ registry key တွေကိုကြည့်မှာပါ။ ဒါကြောင့် ဒီလိုလေးရိုက်ပေးပါ။
psexec -s -i regedit.exe
ဒါဆိုရင်တော့ system account ဖြင့် run နေသော registry editor ဟာပွင့်လာပါလိမ့်မယ်။ အောက်ပါပုံကတော့ system account ဖြင့် run ထားသော registry editor ဖြင့် SAM registry key ကိုဖွင့်ကြည့်နေတဲ့ပုံပါ။

mm3xpl0it

http://mm3xpl0it.co.cc/wp-content/plugins/downloads-manager/img/icons/winzip.gif download: PsTools ()
added: 06/02/2010
clicks: 35
description: command-line utilities for listing the processes running on local or remote computers

2010
02.05

မြန်မာနိုင်ငံတွင်သုံးလို့အဆင်ပြေမယ့် proxy တွေပါ။ blogspot တို့ youtube တို့စတာတွေကိုတော့ bagan ကပိတ်သလို ဆော်ဒီ proxy က မပိတ်ပါဘူး။ ဒါပေမယ့် သူတို့နိုင်ငံမှာလည်းပိတ်တဲ့ဆိုဒ်လေးတွေတော့ရှိတာပေါ့။ ကျွန်တော်ကတော့ သုံးရတာ အဆင်ပြေတယ်လို့ထင်ပါတယ်။

၁.၂.၂၀၁၀ က စပြီး backbone ပြင်နေလို့ အင်တာနက်လိုင်းနှေးမယ်လို့ ပုဂံ ကပြောနေပါတယ်။ No Proxy နဲ့သွားတော့တကယ့်ကိုဘဲနှေးနေပါတယ်။ website တော်တော်များများလဲသိပ်မတက်တော့ပါဘူး။ ဒါနဲ့ ဆော်ဒီ proxy ကိုထည့်သုံးကြည့်တော့……..OK နေပါလား။ ဘာလို့လဲတော့မသိဘူးနော်…… :(

IP Port အမျိုးအစား နိုင်ငံ
203.81.81.38 80 anonymous မြန်မာ
203.81.81.49 80 highanonymity မြန်မာ
212.93.193.88 443 transparent ဆော်ဒီအာရေဗျ
212.116.220.100 443 transparent ဆော်ဒီအာရေဗျ
212.93.193.89 443 transparent ဆော်ဒီအာရေဗျ
212.93.193.90 443 transparent ဆော်ဒီအာရေဗျ
134.153.184.17 443 elite ကနေဒါ
212.116.220.149 443 unknown unknown
192.18.102.59 443 unknown unknown

2010
01.31

oo10
Defragment လုပ်တဲ့ software ပါ……………အမှန်အကန် လိုင်စင်လိုချင်ရင်တော့…….

အောက်ပါ Link တွင်နှိပ်ပြီးလိုအပ်သော Information ကိုဖြည့်ပြီး အမှန်အကန်လိုင်စင်ကိုရယူလိုက်ပါ။

http://mm3xpl0it.co.cc/wp-content/plugins/downloads-manager/img/icons/default.gif download: O & O Defrag 10 License ()
added: 31/01/2010
clicks: 20
description: O & O Defrag 10 License

2010
01.31

fph0

Cyber Cafe တွေမှာသုံးရတာ ကျီးလန့်စာစားရသလိုပါဘဲ။ ဘာလို့လဲဆိုတော့ ကိုယ့် computer မှာသုံးနေရတာမှမဟုတ်တာ။ သူတို့လုပ်ထားတဲ့ computer မှာသုံးနေရတာလေ။ ဒီတော့ သူတို့က ဘာတွေလုပ်ထားလဲ။ ဘာတွေလုပ်ထားမှာလဲ။ ဘယ်လိုလုပ်ထားလဲ။ ယုံကြည်စိတ်ချရမှုက ၅၀% သာသာဘဲရှိမှာပါ။ ဘာလို့လည်းဆိုတော့ Cyber Cafe တွေမှာလုပ်နေတဲ့ Admin တွေက Security နဲ့ပတ်သတ်ပြီး အာမခံမှုမရှိလို့ပါဘဲ။ သူတို့အနေနဲ့ အီးမေးလ် password ကို စချင်လို့ယူတာဖြစ်ဖြစ်။ အကျိုးတစ်စုံတစ်ရာ ရချင်လို့ယူတာဖြစ်ဖြစ် ဒါဟာ security ကို ချိုးဖောက်တာပါဘဲ။ အများစုသုံးတာကတော့ keylogger တွေပါ။ နောက်ပြီး remote management software သုံးပြီး user ဘာလုပ်နေတာလဲစောင့်ကြည့်နေတာကလည်း user ရဲ့ privacy ကို ထိခိုက်စေနိုင်ပါတယ်။ remote management software က keylogger လောက်တော့မဆိုးပါဘူး။ ကောင်းလား ဆိုတော့ network က နေ trobuleshoot လုပ်တဲ့အခါမှာတော့ ကောင်းပါတယ်။ မကောင်းတဲ့နေရာမှာ သုံးရင်တော့ မကောင်းဘူးပေါ့ခင်ဗျာ။ ခေါင်းစဉ်က Password ခိုးယူခြင်းဆိုပြီးတော့ ဘာလို့ security အကြောင်းဘဲပြောနေတာလဲ လို့ထင်ချင်ထင်ပါလိမ့်မယ်။ ကျွန်တော့်ရဲ့ရည်ရွယ်ချက်က သူများဘယ်လို ခိုးလဲဆိုတာ သိမှ ကိုယ်ဘယ်လို ကာကွယ်နိုင်မလဲဆိုတာ စဉ်းစားမိမှာပေါ့။ မဟုတ်ဘူးလား။ မဟုတ်ဘူးလို့ပြောချင်ပြောနိုင်ပါတယ် လူဆိုတာ ကိုယ်ယုံကြည်ချက်နဲ့ကိုယ်လေ…………ကဲပါ Firefox ဖြင့် Password ကို တိတ်တဆိတ်သိမ်းထားခြင်း ဆိုတဲ့အကြောင်းလေး ဆက်ပြောရအောင်….

ကျွန်တော့်တို့ website တစ်ခုခုကိုရောက်လို့ ဥပမာ gmail ပေါ့ဗျာ gmail website ရောက်ရင်ခင်ဗျားဘာလုပ်မှာလဲ။ gmail ထဲဝင်မှာပေါ့။ ကဲဝင်လိုက်ပြီဗျာ။ Sign in ကို နှိပ်လိုက်ပါပြီတဲ့။ ခင်ဗျား ရဲ့ password ကို သိမ်းထားမှာလား သိမ်းမထားဘူးလားဆိုပြီးလာမေးလိမ့်မယ်။ အောက်ပုံအတိုင်းပေါ့။

fph

အများစုက Normal user တောင်သိမှာပါ။ ကိုယ့်ကွန်ပျုတာမှ မဟုတ်တာ ဘာလို့ ကိုယ့်ရဲ့ password ကိုယုံကြည်စိတ်ချစွာသိမ်းထားမှာလဲ။ အဲ့ဒီ့တော့ Not Now ဆိုပြီးရွေးလိုက်မှာပေါ့။ ကဲ့အဲ့ဒီလိုမမေးဘူးဆိုရင်ခင်ဗျားဘာလုပ်မှာလဲ။ အေးအေးဆေးဆေးဘဲလေ ဘာမှမလုပ်ရုံဘဲပေါ့။ ဘာဆိုဘာမှမလုပ်ကြတာပါ။ ကိုယ်သုံးချင်တာသုံးပြီးရင် Firefox လေးပိတ်ပြီးထွက်သွား။ လွယ်လွယ်လေးပါ။ ခင်ဗျား username နဲ့ password ကလည်းလွယ်လွယ်လေးကျန်နေခဲ့ပါလိမ့်မယ်။
ခင်ဗျား username နဲ့ password အမှားရိုက်လည်း သူကတော့ သိမ်းမှာပါဘဲ။ အမှန်ရိုက်ရင်လည်း အမှန်တွေပါသွားမှာပေါ့ဗျာ။
ဘယ်လိုလုပ်သလဲဆိုတော့………..
၁။ Firefox ကိုပိတ်ပါ။
၂။ C:\Program Files\Mozilla Firefox\components ဆိုတဲ့ ဖိုလ်ဒါ အောက်ကိုသွားပါ။
၃။ nsLoginManagerPrompter.js ဆိုတဲ့ဖိုင်ကို wordpad ဖြင့်ဖွင့်ပါ။
၎။ _showSaveLoginNotification : function (aNotifyBox, aLogin) { ဆိုတဲ့ စာသားကိုရှာပါ။
၅။ ရှာတွေ့ပြီဆိုရင်သူ့အောက်ကစာသားတွေနေရာမှာ ဒီစာကိုအစားထိုးလိုက်ပါ။
var pwmgr = this._pwmgr;
pwmgr.addLogin(aLogin);

၆။ ဒါဆိုရင် ဒီလိုပုံစံလေးဖြစ်နေရပါမယ်။

fph

၇။ save လုပ်ပြီးထွက်လိုက်ပါ။
၈။ gmail ကိုပြန်ဝင်ကြည့်ပါ။ သင့် password ကို သိမ်းထားမှာလား သိမ်းမထားဘူးလားဆိုပြီးလာမမေးတော့ပါဘူး။
ဘာလို့လည်းဆိုတော့ သင့် password ကိုအမြဲတမ်းသိမ်းထားနေမှာမို့လို့ပါ။
သိမ်းထားတဲ့ password တွေကိုပြန်ကြည့်ချင်ရင်တော့
Tools ထဲက Options ထဲက Security Tab ကိုသွားလိုက်ပါ။ အဲ့ဒီမှာ Saved Passwords ဆိုတာရှိပါတယ်။ အဲ့ဒီ button ကိုနှိပ်လိုက်ပါ။ သိမ်းထားတဲ့ password ကိုတွေ့ရပါလိမ့်မယ်။ အခုပြောတဲ့နည်းက keylogger လောက်တော့မဆိုးပါဘူး။ ကောင်းလားဆိုတော့ ကျွန်တော်ပြောသလိုပါဘဲ။ ကောင်းတဲ့နေရာမှာတော့ကောင်းပါတယ်။ ခင်ဗျား အိမ်မှာသုံးနေတဲ့စက်မှာ website တစ်ခု ၀င်လိုက်တိုင်း password သိမ်းမလား မသိမ်းဘူးလား မမေးတော့ပါဘူး။ အလုပ်ရှုပ်သပ်သာသွားတာပေါ့။ ဆိုးတာက cyber တွေမှာသာ အဲ့ဒီ့လိုလုပ်ထားရင်တော့………………………………………………
ကိုယ့်အမြင်လေးတွေကိုဝင်ရောက်ပြောကြားသွားနိုင်ပါတယ်ခင်ဗျာ…………………………………………………….

2010
01.13

Network Security နဲ့ Penetration အတွက်အလွန်ကောင်းတဲ့ Live CD ပါ…….
backtrack
http://mm3xpl0it.co.cc/wp-content/plugins/downloads-manager/img/icons/default.gif download: BackTrack 4 Final ()
added: 13/01/2010
clicks: 101
description: BackTrack Live CD

2010
01.13

MM3XPL0IT

MM3XPL0IT
http://mm3xpl0it.co.cc/wp-content/plugins/downloads-manager/img/icons/winrar.gif download: MM3XPL0IT4.rar ()
added: 13/01/2010
clicks: 113
description: MM3XPL0IT Block Software